徐敏霞

မြန်မာနိုင်ငံတွင် H1N1တုပ်ကွေး ရောဂါ ကူးစက်ခံရသူ ၄၇၁ ဦး ရှိ၊ ၈၉ ဦး သေဆုံး

(GMT+08:00)2019-08-08 09:59:20  

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ယခုလ ၆ ရက်နေ့က ထုတ်ပြန်သော စာရင်းအရ၊ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၅ ရက်နေ့ အထိ မြန်မာ နိုင်ငံ တစ်ပြည်လုံးတွင် H1N1တုပ်ကွေး ရောဂါ ကူးစက်ခံရသူ ၄၇၁ ဦး ရှိပြီး ယင်းတို့ အနက် ၈၉ ဦး သေဆုံးပြီး ၂၁၂ ဦး ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုနှစ် မြန်မာနိုင်ငံတွင် H1N1တုပ်ကွေး ရောဂါ ကူးစက်မှု အခြေအနေ ပြင်းထန်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုသို့ ပျံ့နှံ့ကာ၊ ယင်းတို့အနက် ရန်ကုန် တိုင်းဒေသကြီး၌ ကူးစက်ခံရသူ ၆၃ ဦး သေဆုံး၍ သေဆုံးသူ အများဆုံး ဖြစ်ကြောင်း၊ ထို့ပြင် ဧရာဝတီ တိုင်းဒေသကြီးတွင်လည်း ရောဂါသည် ၈ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။ (ကျော့)