张晓宁

၂၀၁၉ခုနှစ်အာဆီယံချစ်ကြည်ရေးသီချင်းဆိုပွဲတော်ကို ဘန်ကောက်မြို့တွင်ကျင်းပ

(GMT+08:00)2019-08-05 12:51:38  

 သြဂုတ်လ ၃ရက်နေ့က ထိုင်းနိုင်ငံပြည်သူ့ဆက်သွယ်ရေးဌာနမှ   ကြီးမှူးကျင်းပသော အာဆီယံချစ်ကြည်ရေးသီချင်းဆိုပွဲတော်ကို ဘန်ကောက်မြို့တွင် ခမ်းနားသိုက်မြိုက်စွာ ပြုလုပ်ခဲ့သည်။ အာဆီယံ၁၀နိုင်ငံမှ နာမည်ကြီးအဆိုတော်များသည် အရှေ့တောင်အာရှဆွဲဆောင်မှု ပြည့်စုံသော၊ ရိုးရာနှင့် ခေတ်မီစတိုင်ရောနှောသော သီချင်းပွဲတော်တွင် ပါဝင်ကြကြကြောင်း၊ သီချင်းပွဲတော်တွင် အာဆီယံ-တရုတ်ချစ်ကြည်ရေးကို ဖော်ပြရန် တရုတ်အဆိုတော်များကို အထူးဖိတ်ခေါ်လာကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။