徐敏霞

ဝမ်ယိသည် အကြိမ် ၂၀မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်

(GMT+08:00)2019-08-03 10:51:13  

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၂ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသော အကြိမ် ၂၀ မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း China Media Group မှ သတင်း အရ သိရပါသည်။

ဝမ်ယိက၊ မိမိတို့သည် နိုင်ငံစုံဝါဒနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ပြီး ၁၀+၃ စနစ်ကို ဒေသတွင်း စီးပွါးရေး တပြေးညီ ဖြစ်ရေး၏ အလံ ဖြစ်စေရမည် ဖြစ်ကြောင်း၊ မိမိတို့သည် အန္တရာယ် စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်ရမည် ဖြစ်ပြီး ၁၀+၃ စနစ်ကို ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်း ကာကွယ်ရန် အားထားဖွယ်ရာ ဖြစ်စေရမည် ဖြစ်ကြောင်း ပြောကြားပါသည်။