邹立莹
Wednesday, 5  Mar 2025

ဗီယက်နမ် Da Nang က တရုတ်အန်ဝှေးပြည်နယ်သို့ နိုင်ငံတကာ စင်းလုံးငှါးလေယာဉ် စတင်ပျံသန်းပြေးဆွဲ

(GMT+08:00)2019-08-02 10:58:23  

A320ခရီးသည်တင်လေယာဉ်တစ်စင်းသည် တရုတ်ဒေသစံတော်ချိန် ယခုလ ၁ရက်နေ့ ၂၁:၂၀ နာရီတွင် တရုတ်နိုင်ငံ အန်ဝှေးပြည်နယ် ဟွမ်ရှန်းထွန်းရှီးနိုင်ငံတကာလေဆိပ်၌ ပျံသန်းဆင်းသက်ခဲ့ကြောင်း၊ ၄င်းလေယာဉ်သည် ဗီယက်နမ်နိုင်ငံ Jetstar Pacific လေယာဉ်ကုမ္ပဏီမှလေယာဉ်တစ်စင်းဖြစ်ပြီး၊ ယခုအကြိမ် ပျံသန်းပြေးဆွဲခြင်းသည် Da Nang ကနေ ဟွမ်ရှန်းဒေသသို့ စင်းလုံးငှါးလေယာဉ်အဖြစ် စတင်ပျံသန်းပြေးဆွဲခြင်းဖြစ်ကြောင်း တရုတ်သတင်းဌါနမှ သတင်းအရ သိရပါသည်။

       Da Nang မြို့က ဗီယက်နမ်နိုင်ငံ၏ အလယ်ပိုင်းသော ဗဟိုမြို့ဖြစ်ရုံ သာမက ဗီယက်နမ်နိုင်ငံ၏ ဒုတိယအကြီးဆုံးသော  ဆိပ်​ကမ်မြို့ဖြစ်ကာ အရှေ့တောင်အာရှတွင် အကောင်းဆုံးသော အပူရှောင်နိုင်ဖို့ အပန်းဖြေခရီးစဉ်အဖြစ်တည်ရှိ သောနေရာတစ်ခုဖြစ်ကြောင်း သတင်းအရ သိရပါသည်။