张晓宁

ပိုမိုများပြားသော အာဆီယံကုန်ပစ္စည်းများကို တင်သွင်းလိုကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနဆို

(GMT+08:00)2019-08-02 15:23:13  

ဇူလိုင်လ ၃၁ရက်နေ့က တရုတ်ကုန်သွယ်ရေးဝန်ကြီးလက်ထောက် လီချမ်ကောင်က အာဆီယံသည် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံးကုန်သွယ်ဘက်ဖြစ်ပြီး တရုတ်ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံသည့် သော့ချက်ကျသော ဒေသလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။

ထိုနေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တရုတ်နှင့် အာဆီယံအကြားကုန်သွယ်မှုတန်ဖိုး ဆက်တိုက်တိုးလာကြောင်း၊ ယခုနှစ်ပထမနှစ်ဝက်ပိုင်းတွင် တရုတ်-အာဆီယံသွင်းကုန်ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၉၁.၈၅ဘီလီယံရှိပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၄.၂ရာခိုင်နှုန်းတိုးလာကြောင်း၊ အာဆီယံသည် အမေရိကန်ကို ကျော်လွှား၍ တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံးကုန်သွယ်ဘက်ဖြစ်လာကြောင်း လီချမ်ကောင်းက ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။