朱蕾

တရုတ်-အာဆီယံ ထူးချွန်သူ ပ​ညာ​ရည်ချွန်ဆု စတင်တည်ထောင်ပွဲ အခမ်းအနားသို့ ဝမ်ယိ တက်ရောက်

(GMT+08:00)2019-08-01 14:37:49  

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိသည်၊ ဇူလိုင်လ ၃၁ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် တရုတ်-အာဆီယံ ထူးချွန်သူ ပညာရည်ချွန်ဆု စတင်တည်ထောင်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ၌ ဝမ်ယိက ယမန်နှစ် နိုဝင်ဘာလက တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က တရုတ်-အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး၌ တရုတ်-အာဆီယံ ထူးချွန်သူ ပညာရည်ချွန်ဆု တည်ထောင်မည်ဟု ကြေညာခဲ့ကြောင်း၊ ပြီးခဲ့သည့် ၈ လ ကြာအတွင်း သက်ဆိုင်ရာ အလုပ်များကို ပြီးမြောက် အောင် ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။