张晓宁

ကူမင်းဂိတ်တွင် တရုတ်-လာအိုရထားလမ်းအစီအစဉ် သီးသန့်ဂိတ်ဝင်ဂိတ်ထွက် လမ်းကြောင်းကို ထားရှိ

(GMT+08:00)2019-08-01 15:26:26  

ယမန်နေ့၃၁ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းဂိတ်မှ သတင်းအရ တရုတ်-လာအိုရထားလမ်းလမ်းဖောက်လုပ်ခြင်းအဆင်ပြေအောင်ဆောင်ရွက်ပြီး ရထားလမ်းလမ်ဖောက်လုပ်ရန် ပစ္စည်းများ လျင်မြန်စွာ ဂိတ်ဝင်ဂိတ်ထွက်စေရန် ကူမင်းဂိတ်တွင် တရုတ်-လာအိုရထားလမ်းအစီအစဉ် သီးသန့်ဂိတ်ဝင်ဂိတ်ထွက် လမ်းကြောင်းကို ထားရှိကြောင်း၊ ၂၀၁၉ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ကူမင်းဂိတ်ကြီးကြပ်သော တရုတ်-လာအိုရထားလမ်းလမ်းဖောက်လုပ်ရန် ပစ္စည်းများ ပို့ဆောင်မှုပမာဏမှာ တန်ချိန်ပေါင်း ၉သောင်း၇ထောင်၆ရာရှိပြီး စုစုပေါင်းတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၃၉၂မီလီယံရှိကြောင်း၊ ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၂.၄ရာခိုင်နှုန်းနှင့် ၁၂.၁ရာခိုင်နှုန်း အသီးသီးတိုးလာကြောင်း ဖော်ပြခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။