朱蕾

ဝမ်ယိသည်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေး ဒု ဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00)2019-07-31 10:57:12  

တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်၊ ယခုလ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၌ ကမ္ဘောဒီးယားနိုင်ငံခြားရေး ဒု ဝန်ကြီး Prak Sokhonn နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌ ဝမ်ယိက တရုတ်၊ ကမ္ဘောဒီးယား နှစ်နိုင်ငံတို့သည်၊ နက်ရှိုင်းသော ချစ်ကြည်ရေး အစဉ်အလာရှိကြောင်း၊ နှစ်နိုင်ငံတို့အနေနှင့် အပြန်အလှန် နားလည်သကဲ့သို့ အပြန်အလှန်အားပေးထောက်ခံကြကြောင်း ပြောကြားခဲ့သည်။

Prak Sokhonn ကလည်း ကမ္ဘောဒီးယား-တရုတ်ဆက်ဆံမှုသည် ဆက်တိုက် ရှင်သန်စွာ တိုးတက်ဖွံ့ဖြိုးလျက်ရှိကြောင်းပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။