朱蕾

ဝမ်ယိသည် အင်ဒို နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00)2019-07-31 10:56:17  

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်၊ ယခုလ ၃၀ ရက်နေ့ က ထိုင်းနိုင်ငံ ဘန်ကောက်၌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌ ဝမ်ယိက တရုတ်ပြည်အနေနှင့် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတကာအဆင့်နေရာနှင့် အခန်းကဏ္ဍကို အလေးထားကြောင်း၊ နှစ်နိုင်ငံတို့သည် အိမ်နီးချင်းကောင်းများဖြစ်ပြီး၊ ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု ရှေ့အလားအလာ များစွာရှိကြောင်း ပြောကြားခဲ့သည်။

Retno ကလည်း အင်ဒိုနီးရှားသည်၊ တရုတ်ခေါင်းဆောင်များနှင့် ရင်းနှီးစွာ ပေါင်းသင်း ဆက်ဆံပြီး၊ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုတိုးပွားစေကာ၊ နှစ်နိုင်ငံဆက်ဆံမှု အဆက် မပြတ်ဖွံ့ဖြိုးရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။