张晓宁

Huaweiမှ နည်းပညာနှင့် ကိရိယာများအသုံးပြုပြီး မြန်မာပြည်တွင် 5Gဝန်ဆောင်မှုကို ပထမဆုံး စမ်းသပ်

(GMT+08:00)2019-07-31 11:47:10  

  ယခုလ၂၉ရက်နေ့က မြန်မာနိုင်ငံဆက်သွယ်ရေးကုမ္ပဏီMYTELသည် မြန်မာပြည်တွင် 5Gပေးပို့ခြင်းကို ပထမဆုံးအကြိမ်အဖြစ်စတင် စမ်းသပ်သည်ဟု တရားဝင်ကြေညာခဲ့သည်။ ယင်း5Gပေးပို့ခြင်းစမ်းသပ်ခဲ့ရာ တရုတ် Huaweiကုမ္ပဏီမှ ဖန်တီးပေးအပ်သော နည်းပညာနှင့် ကိရိယာများကို အသုံးပြုခဲ့ကြောင်း၊ လက်ရှိစမ်းသပ်ရရှိသောအချက်အလက်မှာ Downloadနှုန်း 1.6Gbpsကျော်ဖြစ်ပြီး Uploadနှုန်း100Mbpsကျော်ဖြစ်ကြောင်း တရုတ်ဗဟိုရုပ်မြင်သံကြားဌာနမှ သတင်းအရ သိရပါသည်။