邹立莹

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တည်ထောင်ခဲ့သည့် ၉၂ နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ် ဧည့်ခံပွဲ ကျင်းပ

(GMT+08:00)2019-07-30 15:23:22  

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ၉၂ နှစ်မြောက် တရုတ်ပြည်သူ့လွတ်​မြောက်​ရေး​​တပ်​မ​တော်နေ့ အထိမ်းအမှတ် ဧည့်​ခံ​ပွဲကို ယခုလ ၂၉ ရက်နေ့က မနီလာမြို့၌  ကျင်းပခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျောက်ကျန့်ဟွာက တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေးလမ်းကြောင်းကို စွဲစွဲမြဲမြဲခံယူကြောင်း ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးကို  တည်ငြိမ်ပြတ်​သား​စွာ ထိန်းသိမ်း​ကြောင်း၊ တရုတ်ဘက်သည် ဖိလစ်ပိုင်နိုင်ငံနှင့်အတူ အပြန်အလှန်သိရှိနားလည်မှု နှင့် ယုံကြည်မှု နက်ရိုင်းစေပြီး လိုသည်ဟု ပြောကြားခဲ့ကြောင်း သတင်းအရ သိရပါသည်။