张晓宁

“Belt and Road” တရုတ်-မလေးရှားလူမှုယဉ်ကျေးမှုဖလှယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ကွာလာလန်ပူမြို့တွင်ကျင်းပ

(GMT+08:00)2019-07-30 14:59:37  

ယမန်နေ့ ၂၉ရက်နေ့က “Belt and Road” တရုတ်-မလေးရှားလူမှုယဉ်ကျေးမှုဖလှယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ကွာလာလန်ပူမြို့တွင်ကျင်းပခဲ့သည်။ နှစ်နိုင်ငံ အစိုးရ၊ ကုန်သည်များအသင်းနှင့် လုပ်ငန်းကုမ္ပဏီများမှ ရာနှင့်ချီသော ကိုယ်စားလှယ်များသည် ယင်းဖိုရမ်သို့ တက်ရောက်ပြီး တရုတ်-မလေးရှားလူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ခြင်းနှင့် စီးပွားကုန်သွယ်ရေးနယ်ပယ်တွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန်အတွက် “Belt and Road” မူဘောင်အောက် အောင်မြင်မှုသစ်၊ အတွေးအခေါ်သစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုသစ်နှင့်ပတ်သက်၍ အမြင်ခြင်းဖလှယ်ခဲ့  ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။