辛甜

ယွင်ထျန်ဟွာ့စကောလားရှစ် မြန်မာကျောင်းသားများ အကျိုးဆောင်

(GMT+08:00)2019-07-29 10:20:32  

图片默认标题_fororder_yuntianhua

ဒုတိယအကြိမ် ယွင်ထျန်ဟွာ့စကောလားရှစ်ချီးမြှင့်ပွဲအခမ်းအနားကို မကြာခင်က မြန်မာနိုင်ငံ နေပြည်တော် ရေဇင်းလယ်ယာစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပခဲ့ပြီး ယင်းတက္ကသိုလ်တွင် စာသင်နေသော ထူးချွန် သိပ္ပံ​ဘွဲ့သို့မဟုတ်​ ဝိဇ္ဇာ​ဘွဲ့သင်ကျောင်းသား  ၂၀ ဦး၊ မဟာဘွဲ့သင်ကျောင်းသား ၆ ဦး၊ ဒေါက်တာဘွဲ့သင်ကျောင်းသား ၃ ဦး တို့သည် လက်မှတ်နှင့် စကောလားရှစ်ရရှိခဲ့သည်ဟု China Media Group  မှ သတင်းအရသိရသည်။

၂၀၁၆ခုနှစ်က ယူနန်ပြည်နယ် ယွင်ထျန်ဟွာ့ အုပ်စု၊ ယူနန်လယ်ယာစိုက်ပျိုးရေး တက္ကသိုလ်တို့သည် မြန်မာနိုင်ငံ ရေဇင်းလယ်ယာစိုက်ပျိုးရေးတက္ကသိုလ်နှင့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် အသီးသီးချုပ်ဆိုပြီး ယွင်ထျန်ဟွာ့ ပညာတော်သင်ရန်ပုံငွေနှင့် ယွင်ထျန်ဟွာ့ စကောလားရှစ်ကို တည်ထောင်ခဲ့သည်။ ၃နှစ်အတွင်း မြန်မာနိုင်ငံ ရေဇင်းလယ်ယာစိုက်ပျိုးရေးတက္ကသိုလ်က ဆရာဆရာမနှင့် ကျောင်းသူကျောင်းသားများသည် တရုတ်နိုင်ငံသို့ သွားရောက်ကူးလူးဖလှယ်ခဲ့ကြသည်။ ယူနန်ပြည်နယ်လယ်ယာစိုက်ပျိုးရေးတက္ကသိုလ်က ဆရာဆရာမနှင့်ကျောင်းသူ ကျောင်းသား၂၀ ခန့်သည် ရေဇင်းလယ်ယာစိုက်ပျိုးရေးတက္ကသိုလ်သို့ သွားရောက်ကူးလူးဖလှယ်ခဲ့ကြသည်ဟု သိရသည်။