朱蕾

အာဆီယံအတွင်းရေးမှူးချုပ် Lim Jock Hoi သည်၊ တရုတ်-အာဆီယံ ဆက်ဆံမှုကို တန်ဖိုးထားချီးကျူး

(GMT+08:00)2019-07-26 12:26:07  

       ပထမအကြိမ်မြောက် တရုတ်-အာဆီယံ မီဒီယာများ အဆင့်မြင့်ဖိုရမ်ကို  ယခုလ     ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်၌ ကျင်းပခဲ့ကြောင်း၊ အာဆီယံ အတွင်းရေးမှူးချုပ် Lim Jock Hoi သည် ဖိုရမ်၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရသိရသည်။

      ထိုသို့ မိန့်ခွန်းပြောကြားခဲ့ရာ၌ Lim Jock Hoi က တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု တိုးတက်ဖွံ့ဖြိုးရေးတသည်၊ လူအများ အာရုံစိုက်ကြသော အောင်ကျိုး ရလဒ်များရရှိခဲ့ကြောင်း၊ တရုတ်ပြည်သည်၊ အာဆီယံ၏ ရှင်သန်အားအရှိဆုံးနှင့် အရေးကြီးဆုံး မိတ်ဖက်နိုင်ငံများတွင် တစ်ဦးအပါအဝင်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။