ယခုလ ၁၈ ရက်နေ့က ဘန်ကောက်မြို့၌ ကျင်းပပြီးစီးခဲ့သော အာဆီယံ အဆင့်မြင့် စီးပွါးရေး အရာရှိများ အစည်းအဝေးတွင်၊ အာဆီယံနိုင်ငံများအကြား လွတ်လပ်စွာ ကုန်သွယ်ရေးကို တွန်းအားပေရန်အတွက် ယခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် အာဆီယံ စီးပွါးရေး ဝန်ကြီးများအစည်းအဝေးတွင် သဘောတူစာချုပ် နှစ်ခု ချုပ်ဆိုမည် ဖြစ်ကြောင်း၊ ယင်းစာချုပ် နှစ်ခုသည် မော်တော်ကားနှင့် မော်တော်ကား အစိတ်အပိုင်းပစ္စည်းများကို အတူ အသိအမှတ်ပြု ညှိနှိုင်းရေးစနစ်ဆိုင်ရာ သဘောတူစာချုပ်နှင့် အငြင်းပွါးမှု ဖြေရှင်းရေးစနစ် ပြည့်စုံကောင်းမွန်စေရေး သဘောတူ စာချုပ်တို့ ဖြစ်ကြောင်း အတည်ပြုသည်ဟု ဒေသခံ မီဒီယာမှ ၁၉ ရက်နေ့က သတင်းကို ကိုးကား၍ ဆင်ဟွာ သတင်းတွင် ရေးသားဖေါ်ပြထားပါသည်။