朱蕾

တရုတ်-အာဆီယံလူမျိုးစုယဉ်ကျေးမှုဖိုရမ်တွင် ကြေညာချက် ထုတ်ပြန်

(GMT+08:00)2019-07-19 11:45:14  

၎ ကြိမ်မြောက် တရုတ်-အာဆီယံ လူမျိုးစုယဉ်ကျေးမှုဖိုရမ်ကို ယခုလ ၁၈ ရက်နေ့က တရုတ်ပြည် ကွမ်ရှီး ကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ကွေ့လင်မြို့တွင် ကျင်းပပြီးစီးခဲ့ သည်။ တရုတ်ပြည်တွင်းပြည်ပမှ ပညာရှင် ၁၅၀ ကျော်တို့သည်၊ (ကွေ့လင်ရွန်ဟူ ကြေညာ ချက်)ကို ပူးတွဲထုတ်ပြန်ခဲ့ပြီး၊ တရုတ်နှင့် အရှေ့တောင်အာရှ လူမျိုးစု ယဉ်ကျေးမှု ကူးလူး ဖလှယ်ရေးနှင့် အပြန်အလှန်နည်းယူလေ့လာရေး လက်တွဲတွန်းအားပေးခြင်းဖြင့် ဒေသ တွင်းပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအားဖြည့်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ ကြောင်း တရုတ်သတင်းဌာနက ဖော်ပြခဲ့သည်။

ယခု အကြိမ်ဖိုရမ်ကို ကွမ်ရှီးဒေသ လူမှုရေးသိပ္ပံပညာလောကသမဂ္ဂ၊ ကွေ့လင်မြို့ အစိုးရ၊ ကွမ်ရှီးလူမျိုးစုတက္ကသိုလ်နှင့် ကွမ်ရှီးနိုင်ငံတကာ ယဉ်ကျေးမှုကူးလူးဖလှယ်ရေး စင်တာတို့က ပူးတွဲကျင်းပခဲ့ကြသည်။ ဖိုရမ်တွင် တရုတ်-အာဆီယံ လူမျိုးစုယဉ်ကျေးမှု ဆိုင်ရာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် အတူဖွံ့ဖြိုးမှုနှင့် ပတ်သက်၍၊ အဓိက ဆွေးနွေးခဲ့သည်။ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ အိန္ဒိယနှင့် ဂျပန် အပါအဝင် ၁၂ နိုင်ငံမှ ပညာရှင် ၁၅၀ ကျော်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်ဟု သတင်းအရသိရသည်။