张晓宁

တရုတ်ပြည်အန်းဟွေးပြည်နယ်ဟယ်ဖေမြို့မှ ဖိလစ်ပိုင်သို့ ပထမဆုံးလေကြောင်းလိုင်း ဖွင့်လှစ်

(GMT+08:00)2019-07-19 15:19:32  

 ယမန်နေ့၁၈ရက်နေ့က တရုတ်ပြည်အန်းဟွေးပြည်နယ်ဟယ်ဖေမြို့မှ ဖိလစ်ပိုင်နိုင်ငံ ကာလီပိုသို့ အသွားအပြန်တိုက်ရိုက်ပျံသန်းပြေးဆွဲသောလေကြောင်းလိုင်းကို တရားဝင်ဖွင့်လှစ်ခဲ့သည်။ ယင်းသည် အန်းဟွေးပြည်နယ်ဟယ်ဖေမြို့တော်မှ ဖိလစ်ပိုင်သို့ ပျံသန်းပြေးဆွဲသည့် ပထမဆုံးလေကြောင်းလိုင်းဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ဖိလစ်ပိုင်PAN PACIFICလေကြောင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဖိလစ်ပိုင်-တရုတ်နှစ်နိုင်ငံဆက်ဆံမှု ကောင်းသည်ထက်ကောင်းလာပြီး “Belt and Road”အဆိုပြုချက်ကို အစဉ်မပြတ်ဆောင်ရွက်သည်နှင့်အမျှ ယင်းလေကြောင်းလိုင်း ဖွင့်လှစ်သည့် နေရာ နှစ်ခုအကြား ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် စီးပွားကုန်သွယ်ရေးစသော နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းသစ်များကို ဖန်တီးနိုင်မည်ဟု ပြေးကြားခဲ့ကြောင်း သတင်းအရသိရပါသည်။