张晓宁

တရုတ်ပြည်ချုံချင့်မြို့နှင့် အာဆီယံအကြားရှိ ကုန်သွယ်မှု လျင်မြန်စွာတိုးလာ

(GMT+08:00)2019-07-18 15:25:31  

တရုတ်နိုင်ငံ ချုံချင့်မြို့အ်ကောက်ခွန်ရုံးမှ ယမန်နေ့ ၁၇ရက်နေ့က ထုတ်ပြန်သည့် ၂၀၁၉ခုနှစ်ပထမနှစ်ဝက် ချုံချင့်မြို့၏ ပြည်ပကုန်သွယ်မှုအချက်အလက်တွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ချုံချင့်၏ပို့ကုန်သွင်းကုန်စုစုပေါင်းတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၂၆၆.၃၆ဘီယီယံရှိပြီး ၂၀၁၈ခုနှစ်အလားတူအချိန်ပိုင်းကထက် ၁၆.၄၈ရာခိုင်နှုန်းတိုးလာကြောင်း၊ ၄င်းအနက် ၂၀၁၉ခုနှစ် ပထမနှစ်ဝက်ပိုင်းတွင် ချုံချင့်နှင့် အာဆီယံ၏သွင်းကုန်ပို့ကုန်စုစုပေါင်းတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၅၀.၄၈ဘီယီယံရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၄၇.၇ရာခိုင်နှုန်းတိုးလာကြောင်း ဖော်ပြခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။