张晓宁

ဟိုင်နန်ပြည်နယ်ဟိုင်ခိုမြို့မှ ကမ္ဘောဒီးယားသီဟာနုသို့ တိုက်ရိုက်ပျံသန်းပြေးဆွဲသော လေကြောင်းလိုင်းဖွင့်လှစ်

(GMT+08:00)2019-07-16 16:58:26  

ယမန်နေ့ ၁၅ရက်နေ့ ညက ဟိုင်နန်လေကြောင်းကုမ္ပဏီမှ တာဝန်ယူပျံသန်း ပြေးဆွဲသော တရုတ်နိုင်ငံဟိုင်နန်ပြည်နယ်ဟိုင်ခိုမြို့မှ ကမ္ဘောဒီးယားသီဟာနုသို့ ပုံမှန်တိုက်ရိုက်ပျံသန်းပြေးဆွဲသော လေကြောင်းလိုင်းကို တရားဝင်ဖွင့်လှစ်ခဲ့သည်။ ယင်းလေကြောင်းလိုင်းကြောင့် ဟိုင်နန်နှင့် ကမ္ဘောဒီးယားမှ ခရီးသည်များ၏ ခရီးသွားရွေးချယ်မှုကို တိုးပွားစေပြီး ဟိုင်နန်နှင့် ကမ္ဘောဒီးယားအကြား ခရီးသွားလာရေး၊ ယဉ်ကျေးမှုနှင့် စီးပွားကုန်သွယ်မှုကူးလူးဖလှယ်ရေးကို အဆင်ပြေမှုကို ဖန်တီးပေးကာ တွန်းအားပေးမည်ဖြစ်ကြောင်းတရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။