张晓宁

မလေးရှား-တရုတ်ဆက်ဆံရေးပိုမိုကောင်းမွန်ပြီး ခိုင်မာလာမည်ဟု တရုတ်နိုင်ငံဆိုင်ရာ မလေးရှားအထူးသံတမန်ထန်ကိုဝယ်ဆို

(GMT+08:00)2019-07-16 16:58:57  

မကြာခင်က တရုတ်နိုင်ငံဆိုင်ရာ မလေးရှားအထူးသံတမန်က China Media Groupမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် ယခုနှစ်သည် မလေးရှား-တရုတ်သံတမန် အဆက်အသွယ်ထားရှိသော ၄၅နှစ်ပြည့်မြောက်နှစ်ဖြစ်ပြီး စီးပွားကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် ယဉ်ကျေးမှုကူးလူးဖလှယ်ရေးစသော ဘက်များတွင် အောင်မြင်မှုများစွာရရှိသဖြင့် လက်ရှိမလေးရှား-တရုတ်ဆက်ဆံမှုသည် သမိုင်းတွင် အကောင်းဆုံးဖြစ်လာကြောင်း၊ ထို့အပြင် မလေးရှားနှင့်တရုတ်တို့သည် “Belt and Road” တည်ဆောက်ရေး၌ အတူတစ်ကွပါဝင်ကြခြင်းသည် နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပေါ်လစီဆိုင်ရာမူဝါဒရေးရာ ဆွေးနွေးဖလှယ်ရေး၌ ယုံကြည်မှုကို တည်တံ့ခိုင်မြဲစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။