张晓宁

“နာထျွန်-ဟွမ်ရှမ်း”တိုက်ရိုက်ပျံသန်းပြေးဆွဲသည့်စင်းလုံးငှားလေကြောင်းလိုင်း ဖွင့်လှစ်

(GMT+08:00)2019-07-15 15:20:22  

ယခုလ၁၃ရက်နေ့က A321ခရီးသည်တင်လေယာဉ်တစ်စင်းသည် တရုတ်ပြည် အမ်းဟွေးပြည်နယ် ဟွမ်ရှမ်းမြို့ ထွင်ရှီးနိုင်ငံတကာလေဆိပ်သို့ အောင်မြင်စွာ ဆင်းသက်လာခဲ့သည်။ ဗီယက်နမ်လေကြောင်းကုမ္ပဏီမှ တာဝန်ယူပျံသန်းပြေးဆွဲသော “နာထျွန်-ဟွမ်ရှမ်း” တိုက်ရိုက်ပျံသန်းပြေးဆွဲသည့် စင်းလုံးငှားလေကြောင်းလိုင်းကို တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းသည် ဟွမ်ရှမ်းမြို့အစိုးရမှ လုပ်ဆောင်သည့် “ပြည်ပစင်းလုံးငှားလေယာဉ်အစင်း၁၀၀ ဟွမ်ရှမ်းသို့ ပျံသန်းကြ”ဆိုသည့် ယဉ်ကျေးမှုခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ် စတင်ခြင်းကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။