邹立莹

အာဆီယံကုန်စည်ပြပွဲအဓိကမိတ်ဆက်ပေးနိုင်ငံ သတင်းစာရှင်းလင်းပွဲနှင့် ၂၀၁၉ခုနှစ် အာဆီယံပြပွဲကို ဂျာကာတာမြို့၌ ကျင်းပ

(GMT+08:00)2019-07-12 15:30:02  

      ၁၆ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲအဓိကမိတ်ဆက်ပေးနိုင်ငံ သတင်းစာရှင်းလင်းပွဲ နှင့် ၂၀၁၉ခုနှစ် အာဆီယံကုန်စည်ပြပွဲ၏အင်ဒိုနီးရှားပွဲကို ယခုလ ၁၁ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပခဲ့ကြောင်း၊ ၁၆ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို စက်တင်ဘာလ ၂၀ရက်နေ့မှ ၂၃ ရက်နေ့အထိ တရုတ်နန်းနင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် ဒုတိယအကြိမ်အဖြစ်အဓိကမိတ်ဆက်ပေးနိုင်ငံဖြစ်လာပြီး အင်ဒိုနီးရှား ခေါင်းဆောင်များ သည်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ ၄င်းပြပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

အာဆီယံအတွင်းရေးမှူးဌါနမှ ဒုအတွင်းရေးမှူးချုပ် ယန်းရမ်းရမ်းက အင်ဒိုနီးရှား နိုင်ငံသည် “ ၂၁ ရာစုနှစ် ပင်လယ်ပိုးလမ်းမကြီး” စတင်ရာနိုင်ငံနှင့် Belt and Road ပူးပေါင်းဆောင်ရွက်မှု၏ အဓိကစသည့်နေရာအဖြစ်ဖြင့် ယခုနှစ်များအတွင်း တရုတ်ပြည်နှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှုများ ရရှိခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားပါသည်။