辛甜

အာဆီယံနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ထိုင်းနိုင်ငံဘန်ကောက်၌ ကျင်းပ

(GMT+08:00)2019-07-12 09:58:49  

     ၁၃ ကြိမ်မြောက် အာဆီယံနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ယခုလ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်၌ ကျင်းပခဲ့ပြီး အာဆီယံ ၁၀ နိုင်ငံ မှ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

     ယခုအကြိမ်အစည်းအဝေးတွင် အာဆီယံအတွင်းပိုင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု နှင့် ဒေသတွင်းပြဿနာ အထူးသဖြင့် ဒေသတွင်း ခြိမ်းခြောက်မှု ရင်းဆိုင်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဘက်မှ ပူးပေါင်းဆောင်ရွက်မှုကို အဓိကထား ဆွေးနွေးခဲ့ကြ ပါသည်။

      ထိုနေ့နံနက်ပိုင်းက ထိုင်းဝန်ကြီးချုပ် ပရာယွတ်သည် ဝန်ကြီးချုပ်ရုံး၌ အစည်းအဝေးသို့ တက်ရောက်ကြသော နိုင်ငံအသီးသီးမှ နိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား တွေ့ဆုံခဲ့ပါသည်။

      ထိုင်းနိုင်ငံသည် ယခုနှစ် အာဆီယံအလှည့်ကျသဘာပတိနိုင်ငံဖြစ်၍  ယခုနှစ်တွင် အာဆီယံအစည်းအဝေးများကို ဆက်တိုက်ကြီးမှူးကျင်းပမည်ဖြစ်သည်။