辛甜

ကန်စုပြည်နယ်ကတရုတ်တိုင်းရင်းဆေးများ အရှေ့တောင်အာရှနိုင်ငံ၌ ကြီးပွားအောင် ထိုင်းအမျိုးသမီးအနွယ်ဖွားကြိုးစား

(GMT+08:00)2019-07-11 10:46:34  

     ထိုင်း-တရုတ်(အနောက်မြောက်ပိုင်း)ကုန်သွယ်ရေးအသင်းဥက္ကဋ္ဌဟူယန်သည် ကန်စုပြည်နယ်က တရုတ်တိုင်းရင်းဆေးများ ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် အမြဲကြိုးစား နေပါသည်။သူက အခက်အခဲများကို ကျော်လွှားပြီး ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများကို ဖိတ်ခေါ်ကာ ကန်စုပြည်နယ် တင့်ရှီမြို့ လင်ထောင်ခရိုင်၊ မင်ရှယ့်ခရိုင် စသည့် တရုတ်တိုင်းရင်းဆေး ထုတ်လုပ်ရာနေရာသို့ လေ့လာကြည့်ရှုခဲ့သည်။ ” ထိုင်းလူမျိုးတွေက ကန်စုပြည်နယ်အကြောင်းကို သိပ်မသိပါဘူး။ ဒါပေမယ့် ကန်စုပြည်နယ်မှာတော့ အရင်းအမြစ်များစွာရှိပါတယ်။ ဥပမာ၊ ကန်စုပြည်နယ်က တရုတ်တိုင်းရင်းဆေးများ ထိုင်းနိုင်ငံက ရိုးရာ သဘာဝ ဆေးဝါးများနဲ့ တူညီတဲ့နေရာရှိပြီး ဈေးကွက်အလားအလာကောင်းမှာပါလို့” ဟူယန်က သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

     ဇာတိကန်စုပြည်နယ်ဖြစ်သည့် ဟူယန်သည် တရုတ်နိုင်ငံမှ ထွက်ခွာခဲ့သည်မှာ ၂၇ နှစ်ရှိပြီး ထိုင်းအမျိုးသားနှင့် အိမ်ထောင်ကျပြီးနောက် လင်မယားနှစ်ယောက်သည် ကန်စုပြည်နယ်နှင့် ထိုင်းနိုင်ငံအကြား ကူးလူးဖလှယ်မှုကို အားဖြည့် တွန်းအားပေးလျက်ရှိ ပါသည်။ဟူယန်က အနာဂတ်တွင် ထိုင်းနိုင်ငံ၌ ကန်စုပြည်နယ် ပိုးလမ်းမကြီးခရီးသွားလမ်းကြောင်းကို မိတ်ဆက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံအရာရှိများ၊ ခရီးသွားကုန်သည်များ၊ တတိယဆက် တရုတ်အနွယ်ဖွားများအား ကန်စုပြည်နယ်သို့ ခရီးလှည့်လည်ရန် ဆက်တိုက်စည်းရုံးမည်ဖြစ်ကာ ဒေသနှစ်ခု ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။