邹立莹

ထိုင်းနိုင်ငံ အစိုးရအဖွဲ့သစ်အမည်စာရင်း ထုတ်ပြန်

(GMT+08:00)2019-07-11 15:13:55  

ထိုင်းဘုရင်မဟာဝဇီရာလောင်ကွန်း၏ ခွင့်ပြုချက်အရ ထိုင်းနိုင်ငံ အ​စိုး​ရ​အ​ဖွဲ့သစ်အမည်စာရင်းကို  ယခုလ ၁၀ ရက်နေ့က ပြည်သူများအား ထုတ်ပြန်ခဲ့ကြောင်း၊ သို့ဖြစ်၍ ထိုင်းနိုင်ငံရွေးကောက်ပွဲအပြီးတွင် ဖွဲ့စ၀ည်းသော အစိုးရသစ်ကို တရားဝင် တည်ထောင်ပြီးဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

      အစိုးရအဖွဲဝင် လူ ၃၆ ဦး ပါဝင်ပြီး၊ ပရာယွတ်ချန်အိုချာသည် ထိုင်း ၀န်ကြီးချုပ် နှင့် နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး တုန်သည်လည်းဆက်လက် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။