辛甜

ကုန်သွယ်ရေး ပြဿနာနှင့်ပတ်သက်ပြီး တစ်ဖတ်သတ်ကိုယ်ကျိုစီးပွားကြည့်ခြင်း မဖြစ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ စီးပွားရေး ကော်မတီအဖွဲ့ဝင်များဆို

(GMT+08:00)2019-07-08 14:30:19  

图片默认标题_fororder_微信图片_20190708142834

မြန်မာနိုင်ငံရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ စီးပွားရေး ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်ကိုကိုနှင့်ဦးစိုးဝင်းတို့ကို သတင်းထောက်မှ ကုန်သွယ်ရေးပြဿနာနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ကုန်သွယ်ရေး ပြဿနာများကိုဖြေရှင်းရာတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများအနေနှင့် မျှမျှတတကြည့်ပြီး မျှမျှတတ လုပ်ဆောင်သင့်ပါကြောင်း၊ တစ်ဖတ်သတ် ကိုယ်ကျိုစီးပွားကြည့်ခြင်းသည် မဖြစ်သင့်ကြောင်း၊ ကုန်သွယ်ရေးမှာ နှစ်ဖက်အကျိုးကြည့်သင့်ကြောင်း၊ G-20 အိုဆာကာအစည်းအဝေး ပြီးသွားသည့်နောက် ကုန်သွယ်ရေးပြဿနာကို ညှိနှိုင်းဆွေးနွေးမှုအသစ်နှင့် ဖြေရှင်းသွားမည်လို့ သဘော တူညီချက် ရခဲ့သည့် အပေါ် ကြိုဆိုပါကြောင်း၊ လက်ရှိ ကုန်သွယ်ရေး ပြဿနာနှင့်ပတ်သက်ပြီး ညှိနှိုင်း ဆွေးနွေးခြင်းဖြင့် ပြဿနာကို ပြေလည်အောင် ဖြေရှင်းခြင်းကိုသာ သဘောတူလက်ခံမိပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။