辛甜

ပြည်ပနိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်များ တရုတ်-အမေရိကန်စီးပွားကုန်သွယ်ရေးဆက်ဆံမှု အကြောင်းပြောကြား

(GMT+08:00)2019-07-04 14:53:10  

      တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဌာနမှ လှုပ်ရှားမှုတွင် ပါဝင်သော ပြည်ပနိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များသည် မကြာခင်က သတင်းထောက်နှင့် တွေ့ဆုံရာတွင် ဂလိုဘယ်လိုက်ဇေးရှင်းသည် ကမ္ဘာ့ဖြစ်ထွန်းတိုးတက် လျက်ရှိသော အခြေအနေဖြစ်ပြီး ပြောင်းလဲ၍ မရကြောင်း၊ တစ်ဖက်သတ်လုပ်ရပ်ဖြင့် ကုန်သွယ်ရေးအငြင်းပွားမှု ဖြေရှင်းခြင်းသည် ဖြစ်မြောက်မည်မဟုတ်ကြောင်း၊ ငြိမ်းချမ်း ချစ်ကြည်စွာ ညှိနှိုင်းဆွေးနွေးခြင်းမှ ပြဿနာဖြေရှင်းခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ် ကြောင်း ပြောကြားသည်။

     မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးရွှေဖန်က လက်ရှိကမ္ဘာ သည် ကမ္ဘာ့ရွာ ဖြစ်သွားပြီဖြစ်ကြောင်း၊ မည်သည့်နိုင်ငံမဆို စိန်ခေါ်မှုကို တစ်နိုင်ငံတည်း ရင်ဆိုင်နိုင်မည်မဟုတ်ကြောင်း၊ နိုင်ငံအသီးသီးတို့အနေနှင့် ဂလိုဘယ်လိုက်ဇေးရှင်းကို ကြိုဆိုသင့်ပြီး ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေး တို့သည် အတူဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့်သည့် အရေးကြီးလမ်းကြောင်း ဖြစ်ကြောင်း ပြောကြားသည်။