马宁

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ချန်းဟိုင်က တာဝန် ထမ်းဆောင်ခြင်း ဧည့်ခံပွဲကို နေပြည်တော်၌ ကျင်းပ

(GMT+08:00)2019-07-04 14:56:17  

图片默认标题_fororder___172.100.100.3_temp_9500033_1_9500033_1_1_b8d1bf68-585d-43e7-a043-34f87a8ff0d1

  မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချန်းဟိုင်သည် တာဝန် ထမ်းဆောင်ခြင်း ဧည့်ခံပွဲကို ဇူလိုင်လ ၃ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ကစထ(၁) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အပါအဝင် ဧည့်သည်တော် ၃၀၀ကျော်သည် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြကြောင်း တရုတ် မီဒီယာ အုပ်စုမှ သတင်းအရ သိရပါသည်။

图片默认标题_fororder___172.100.100.3_temp_9500033_1_9500033_1_1_48793c97-ca19-4bdb-a03a-599dc4befefa

  သံအမတ်ကြီး ချန်းဟိုင်သည် ဇွန်လ ၇ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း၊ ဇွန်လ ၁၈ရက်နေ့က သမ္မတ ဦးဝင်းမြင့်ထံ သံအမတ်ခန့်အပ်လွှာပေးအပ်ခဲ့ကြောင်း၊ ဇူလိုင်လ ၃ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၌ မြန်မာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။