张晓宁

“Belt and Road”အဆိုပြုချက်ကြောင့် ထိုင်းနယ်ပယ်အသီးသီးဖွံ့ဖြိုးတိုးတက်လာသည်ဟု ရှန်ဟိုင်းဆိုင်ရာ ထိုင်းကောင်စစ်စန်ချုပ်ဆို

(GMT+08:00)2019-07-04 13:03:17  

ယမန်နေ့၃ရက်နေ့က တရုတ်ရှန်ပြည်ဟိုင်းမြို့တွင် “Belt and Road-တရုတ်ကုမ္ပဏီများ အာရှပစိဖိတ်သို့ဝင်ရောက်” ဟူသည့် ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့တက်ရောက်သော ရှန်ဟိုင်းဆိုင်ရာ ထိုင်းကောင်စစ်ဝန် စာစီလီ·တန်ကူလက်သည် “Belt and Road”အဆိုပြုချက်ကြောင့် ထိုင်းနိုင်ငံ၏ ဒီဂျစ်တယ်၊ အီလက်ထရွန်နစ်၊ ငွေကြေးနှင့် သိပ္ပံနည်းပညာစသော နယ်ပယ်အသီးသီးတွင် တစ်ဆင့်တိုးတက်လာကြကြောင်း၊ ထိုင်းနိုင်ငံသည် “အရှေ့ပိုင်းစီးပွားကုန်သွယ်ရေးစင်္ကြံ” ဟူသောဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာမှတစ်ဆင့်  တရုတ်နှင့် အခြားအာရှနိုင်ငံဈေးကွက်သို့ ပိုမိုလျင်မြန်စွာ ဝင်ရောက်၍  မော်တော်ကား၊ စက်ယန္တရားနှင့် စက်ရုပ်စသော နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။