辛甜

အာဆီယံနိုင်ငံများသည် နိုင်ငံခြားအမှိုက်ခြိမ်းခြောက်မှုမှ ရုန်းထွက်နိုင်အောင်ကြိုးစားသွားမည်

(GMT+08:00)2019-07-04 14:54:12  

      မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား စသည့် အာဆီယံနိုင်ငံများသည် အနောက်တိုင်းနိုင်ငံများမှ ပလတ်စတစ်အမှိုက်ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပြီး အာဆီယံနိုင်ငံ များသည် ကမ္ဘာ့အမှိုက်ကွင်းဖြစ်နေပြီဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်၍ အာဆီယံနိုင်ငံများသည် ဆောင်ရွက်ချက်အမျိုးမျိုးကို ကျင့်သုံးပြီး နိုင်ငံခြားအမှိုက်တင်သွင်း မှုကို ကန့်သတ်ကြောင်း ထိုင်းမီဒီယာမှ သတင်းကို ကိုးကားပြီး တရုတ်ဗဟိုမီဒီယာအုပ်စုမှ ရေးသားဖေါ်ပြထားပါသည်။

၂၀၁၈ခုနှစ်တွင် အာဆီယံနိုင်ငံများသို့ တင်သွင်းသော ပလတ်စတစ်အမှိုက်နှင့် အီလက်ထရွန်နစ်အမှိုက်ပမာဏမှာ တစ်ကမ္ဘာလုံး၏ ၂၇ ရာခိုင်နှုန်းရှိပြီး ၄င်းအနက် မလေးရှားနိုင်ငံသို့တင်သွင်းသော ပလတ်စတစ်အမှိုက်ပမာဏမှာ အများဆုံးဖြစ်ပြီး တန်ချိန် ၈ သိန်း ၇ သောင်းရှိကာ ဗီယက်နမ်သို့ တန်ချိန် ၄ သိန်း ၉ သောင်း၊ ထိုင်းသို့ တန်ချိန် ၄ သိန်း ၈ သောင်း၊ အင်ဒိုနီးရှားသို့ တန်ချိန် ၃ သိန်း ၂ သောင်း၊ မြန်မာသို့ တန်ချိန် ၇ သောင်း အသီးသီး တင်ပို့မှုခံရကြောင်း သိရသည်။