张晓宁

တရုတ်ကျဲ့ကျန်းပြည်နယ် ယီဝူမြို့မှ ကမ္ဘေားဒီးယားနိုင်ငံသီဟာနုသို့ ပုံမှန်ပျံသန်းပြေးဆွဲသည့်လေကြောင်းလိုင်းသစ် ဖွင့်လှစ်

(GMT+08:00)2019-07-04 13:02:47  

 ယမန်နေ့ ၃ရက်နေ့က တရုတ်ကျဲ့ကျန်းပြည်နယ် ယီဝူမြို့မှ ကမ္ဘေားဒီးယားနိုင်ငံ သီဟာနုသို့ ပုံမှန်ပျံသန်းပြေးဆွဲမည့်လေကြောင်းလိုင်းသစ်ကို တရားဝင်ဖွင့်လှစ်ခဲ့သည်။ ယင်းလေကြောင်းလိုင်းသည် ယီဝူလေဆိပ်မှ ဖွင့်လှစ်သော ပထမဆုံး နိုင်ငံတကာစီးပွားရေး လေကြောင်းလိုင်းဖြစ်ပြီး ကျဲ့ကျန်းအလယ်ပိုင်းဒေသမှ ကမ္ဘေားဒီးယားသို့ သွားရောက်သော ကုန်သည်များနှင့် ခရီးသွားများအတွက် အဆင်ပြေမှုဖန်တီးပေး ရုံသာမက ပိုမိုများပြားသောကမ္ဘေားဒီးယားပြည်သူများကို ဆွဲဆောင်၍  ကျဲ့ကျန်းသို့ စီးပွားကုန်သွယ်ရေးလုပ်ကိုင်ခြင်းကိုလည်းကောင်း၊ ခရီးသွားလာခြင်းကိုလည်းကောင်း ဆောင်ရွက်နိုင်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။