张晓宁

ယူနန်ပြည်နယ်ပထမဆုံးတရုတ်-ဗီယက်နမ်လယ်ထွက်ပစ္စည်းဆိုင်ရာ ”မြစိမ်းရောင်လမ်းကြောင်း”ဖွင့်လှစ်

(GMT+08:00)2019-07-03 15:10:02  

တရုတ်ယူနန်ပြည်နယ် နယ်စပ်ဂိတ် ပထမဆုံးလမ်းကြောင်းအဖြစ် တရုတ်(ဟိုခို)-ဗီယက်နမ်(လောက်ကယ်)လယ်ယာထွက်ပစ္စည်းများ လျင်မြန်စွာ ဂိတ်ဝင်ဂိတ်ထွက်ပြုလုပ်နိုင်ရန် “မြစိမ်းရောင်လမ်းကြောင်း”ကို ဇွန်လ ၂၈ရက်နေ့က ဟိုခိုခရိုင်ဟုန်ဟိုလမ်းမဂိတ်တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။ ယင်းလမ်းကြောင်းသည် တရုတ်နှင့် ဗီယက်နမ်နှစ်ဖက်ရှိ ပုပ်သိုးလွယ်သောကုန်ပစ္စည်းများကိုပိုမိုလျင်မြန်စွာ ဂိတ်ဝင်ဂိတ်ထွက်ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ တရုတ်-ဗီယက်နမ် နှစ်ဖက်တို့၏ နိုင်ငံတကာဈေးကွက်တိုးချဲ့ခြင်းနှင့် နှစ်ဖက်စီးပွားကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးမည်ဖြစ်ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။