张晓宁

တရုတ်ကူမင်းမြို့နှင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများအကြား ပညာမူပိုင်ခွင့်နှင့် ပတ်သက်၍ ပိုမိုများပြားစွာဆွေးနွေးဖလှယ်

(GMT+08:00)2019-07-03 15:10:36  

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ပညာမူပိုင်ခွင့်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းကာကွယ်ရေးအခြေအနေဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ယမန်နေ့ ၂ရက်နေ့က ကူမင်းမြို့အလယ်တန်းပြည်သူ့တရားရုံးတွင်ကျင်းပခဲ့သည်။ သတင်းစာရှင်းလင်းပွဲမှ သတင်းအရ  ကူမင်းနှင့် တောင်အာရှ၊ အရှေ့တောင်အာရှပညာမူပိုင်ခွင့် ကူးလူးဖလှယ်ခြင်း အဆက်မပြတ်တိုးပွားလာကြောင်း၊ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် စပ်လျဉ်း၍ ပညာမူပိုင်ခွင့် ဝန်ဆောင်မှု(ကူမင်း)စင်တာအနေနှင့်လည်း လျင်မြန်စွာတိုးတက်လာနေကြောင်း ဖော်ပြခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။