朱蕾

တရုတ်-ကန်စီးပွားကုန်သွယ်ရေးအခြေအနေတင်းမာမှုကြောင့် ရေရှည်ဆိုးကျိုး ဖြစ်ပေါ်လာ မည်ဟု Lee Hsien Loong ဆို

(GMT+08:00)2019-06-26 11:42:15  

စင်ကာပူနိုင်ငံဝန်ကြီးချုပ် Lee Hsien Loong က တရုတ်-အမေရိကန် စီးပွားကုန်သွယ် ရေးအခြေအနေတင်းမာမှုသည်၊ တိုတောင်းသော အချိန်ကာလအတွင်း ကမ္ဘာ့ငွေကြေး အကျပ်အတည်း ဖြစ်စေလိမ့်မည်မဟုတ်သော်လည်း၊ ရေရှည်ကာလအတွင်းဆိုရင်တော့၊ နိုင်ငံအသီးသီးတို့အကြား သိပ္ပံနည်းပညာ၊ ဈေးကွက်နှင့် ယုံကြည်မှုနယ်ပယ်များတွင် သဘောကွဲလွဲမှုဖြစ်ပေါ်စေပြီး၊ ကမ္ဘာ့စီးပွားရေးဖွဲ့စည်းမှုကို ထိခိုက်ကာ၊ ဆိုးကျိုးများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း ယခုလ ၂၄ ရက်နေ့က ပြောကြားခဲ့သည်ဟု စင်ကာပူ ဇော်ပို သတင်းကို ကိုးကား၍ တရုတ်သတင်းဌာနမှ ဖော်ပြသည်။

 Lee Hsien Loong သည်၊ ဂျပန်စီးပွားရေးသတင်းမှ သတင်းထောက်နှင့် တွေ့ဆုံခဲ့ရာ ၌ ထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ Lee Hsien Loong က လက်ရှိ တရုတ်- အမေရိကန် ကုန်သွယ်ရေးအခြေအနေတင်းမာမှုအပေါ် စိုးရိမ်မှုဖြစ်မိပြီး၊ တရုတ်၊ အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်တို့အနေနှင့်၊ အိုဆာကာ ဂျီ-၂၀ ထိပ်သီးအစည်းအဝေး ကျင်းပသည့် အတောအတွင်း၊ နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူစာချုပ်နှင့် စပ်လျဉ်း၍ တိုင်ပင်ဆွေးနွေးပြီး၊ နှစ်နိုင်ငံဆက်ဆံမှုတက်ကြွစွာ ဖွံ့ဖြိုးရန်တွန်းအားပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။