辛甜

အာဆီယံထိပ်သီးအစည်းအဝေးသဘာပတိကြေညာချက်တွင် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ကန့်ကွက်

(GMT+08:00)2019-06-24 11:35:48  

         ၃၄ ကြိမ်မြောက် အာဆီယံထိပ်သီးများအစည်းအဝေးကို ယခုလ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ ထိုနေ့ထုတ်ပြန်သော အာဆီယံထိပ်သီးအစည်းအဝေး သဘာပတိကြေညာချက်တွင် အဆီယံအဖွဲ့သည် ကုန်သွယ်မှုကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ဆန့်ကျင်ပြီး ဘက်ပေါင်းစုံကုန်သွယ်မှုစနစ် ထိန်းသိမ်းကာကွယ်ရေးကို ထောက်ခံကြောင်း ဖေါ်ပြသည်။

    ထို့အပြင် အာဆီယံနိုင်ငံအသီးသီးမှ ခေါင်းဆောင်များသည် အာဆီယံစီးပွားရေး တစ်ပြေးညီဖြစ်ရေးကို ထောက်ခံပြီး အာဆီယံအတွင်း ငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်မှုနှင့် တစ်ပြေးညီဖြစ်ရေး၏ အရေးကြီးပုံကို အသိအမှတ်ပြုသည်ဟု အလေးထားဖေါ်ပြကြောင်း ဆင်ဟွာသတင်းအရသိရသည်။