马宁

အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သော ထိပ်သီး ခေါင်းဆောင်များသည် RCEPစေ့စပ်ဆွေးနွေးပွဲကို ယခုနှစ်အတွင်းတွင် ပြီးမြောက်အောင် တွန်းအားပေးရန် သဘောတူ

(GMT+08:00)2019-06-24 13:00:17  

  ၃၄ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို ၂၂ရက်နေ့ နှင့် ၂၃ရက်နေ့တွင် အလှည့်ကျသဘာပတိနိုင်ငံ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၌ ကျင်းပခဲ့ကြောင်း၊ ယခု အကြိမ် ထိပ်သီးအစည်းအဝေးတွင် အာဆီယံနိုင်ငံ အသီးသီးမှ ခေါင်းဆောင်တို့သည် “ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက် ဆက်ဆံရေး စာချုပ်” (RCEP)ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲကို ယခုနှစ်အတွင်းတွင် ပြီးမြောက်အောင် တွန်းအားပေးရန် သဘောတူကြသည် ဟု ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်က ယခုအကြိမ် အာဆီယံ ထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

  ယခုအကြိမ် အာဆီယံ ထိပ်သီးအစည်းအဝေးသည် ဒေသတွင်း စီးပွားရေး အားဖြည့်ထူထောင်မှုကို အလေးထားကြောင်း၊ “ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက် ဆက်ဆံရေး စာချုပ်”သည် ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး သော ကုန်သွယ်ရေးစာချုပ် ဖြစ်ပြီး ဒေသတွင်းကုန်သွယ်ရေး၊ စီးပွားရေးကို အဆက်မပြတ် ကောင်းမွန်းစေရန် အရေးကြီးစက်ကိရိယာဖြစ်မည်ဖြစ်ကြောင်း ပရာယွတ်က ပြောကြား ပါသည်။