ဒေသစံတော်ချိန် ယခုလ ၁၉ ရက်နေ့ ၁ နာရီ မိနစ် ၂၀ တွင် MU 2099 လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လုံခြုံစွာ ဆင်းသက်ပြီး တရုတ်အရှေ့တိုင်း လေကြောင်းကုမ္ပဏီမှ ဖွင့်လှစ်သည့် ရှန်ဟိုင်းမှ ရန်ကုန်သို့ နိုင်ငံတကာလေကြောင်းလိုင်း ပထမဆုံးအကြိမ်ပျံသန်းမှုကို ချောမောအောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း၊ ယင်းလေကြောင်းလိုင်းသည် တရုတ်လေကြောင်းကုမ္ပဏီဖွင့်လှစ်သည့် ပထမဦးဆုံး ရှန်ဟိုင်းမှ ရန်ကုန်သို့ ပျံသန်းပြေးဆွဲသည့် နိုင်ငံတကာလေကြောင်းလိုင်း ဖြစ်သည်ဟု တရုတ်ဗဟိုမီဒီယာ အုပ်စုမှ သတင်းအရသိရသည်။
ရှန်ဟိုင်းမှ ရန်ကုန်သို့ လေကြောင်းလိုင်းသည် Airbus 320 လေယာဉ်ဖြင့် တစ်ပတ် ၃ ကြိမ် အသွားအပြန်ပျံသန်းမည်ဖြစ်သည်ဟု သိရသည်။