朱蕾

၃၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးများ အစည်းအဝေး ဘန်ကောက်မြို့တွင် ကျင်းပမည်

(GMT+08:00)2019-06-20 13:59:11  

၃၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးများအစည်းအဝေးကို ယခုလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၌ ကျင်းပမည်ဖြစ်သည်။ အာဆီယံ ၁၀ နိုင်ငံမှ ထိပ်သီးခေါင်းဆောင်တို့သည်၊ ဘန်ကောက်မြို့တွင် စုဝေးပြီး၊ ယခုလောလောဆယ်တွင် အရေးကြီးသည့် ဒေသဆိုင်ရာနှင့် နိုင်ငံတကာပြဿနာကိစ္စရပ်များအကြောင်း အတူ တိုင်ပင် ဆွေးနွေးကြမည်ဖြစ်ကြောင်း တရုတ်မီဒီယာအုပ်စုက ဖော်ပြသည်။

ယခုအကြိမ် ထိပ်သီးများအစည်းအဝေး၏ အဓိကဆောင်ပုဒ်မှာ “ဆက်တိုက်ဖွံ့ဖြိုး ရေးကို    တစ်​စိတ်​တစ်​ဝမ်း​တည်း ​တက်​ညီ​လက်​ညီ တွန်းအားပေးရန်”ဟူ၍ဖြစ်ပြီး၊ အာဆီယံနိုင်ငံများအနေနှင့်၊ တူညီသော အရင်းခံအကျိုးစီးပွား အခြေခံပေါ်တွင် ဘက်ပေါင်း စုံမှ ပူးပေါင်းဆောင်ရွက်ကြရန် အလေးထားဖော်ပြထားသည်ဟု သတင်းအရသိရသည်။