张晓宁

ထိုင်းနိုင်ငံရရှိချင်းရိုင်ပြည်နယ်သည် အနုပညာခရီးသွားလုပ်ငန်းဖြင့် တရုတ်ခရီးသွားများကိုဆွဲဆောင်

(GMT+08:00)2019-06-19 14:35:57  

 ယခုလ၁၇ရက်နေ့က ထိုင်းနိုင်ငံခရီးသွားလာရေးဦးစီးဌာန ချင်းရိုင်ပြည်နယ်ရုံးဌာနမှူး ကာလိုနာမှ လက်ရှိချင်းရိုင်ပြည်နယ်သည် အနုပညာခရီးသွားလာရေး ထိတွေ့ခံစားမှုများကို ကြော်ငြာခြင်းဖြင့် ချင်းရိုင်ကို တရုတ်ခရီးသွားများအပါအဝင် ပြည်တွင်းပြည်ပ ခရီးသွားများကို ပိုမိုသိရှိစေရန် ဆွဲဆောင်မှုပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

  ချင်းရိုင်ပြည်နယ်သည် ရာသီဥတုကောင်းမွန်၍ ယဉ်ကျေးမှုလက္ခဏာထင်ရှားသဖြင့် အနုပညာရှင် ၃၀၀ကျော်သည် ချင်းရိုင်တွင် နေထိုင်ပြီး အနုပညာတီထွင်မှုများ ပြုလုပ်ကြကြောင်း၊ ယင်းနေရာမှာ “အနုပညာတံတား”ဟူသော အနုပညာရှင်များအသင်းတည်ထောင်ပြီး “အနုပညာရှင်မြို့တော်”ဟူသော အမည်ရရှိလာကြောင်း ကာလိုနာကပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။