朱蕾

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးသစ် ချိန်ဟိုင် သံအမတ်ကြီး ခန့်အပ်လွှာ ပေးအပ်

(GMT+08:00)2019-06-19 15:46:58  

图片默认标题_fororder___172.100.100.3_temp_9500033_1_9500033_1_1_748a814a-4325-4e1c-8a01-5cf5dd1101bd

图片默认标题_fororder___172.100.100.3_temp_9500033_1_9500033_1_1_eb93cc6f-794b-4895-b307-929d89b7a2ea

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသစ် ချိန်ဟိုင်သည်၊ ယခုလ ၁၈ ရက်နေ့က မြန်မာနိုင်ငံ နေပြည်တော်ရှိ သမ္မတရုံး၌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ သံအမတ်ကြီး ခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့ သည် ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း တရုတ်မီဒီယာအုပ်စုကဖော်ပြခဲ့သည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌ ချိန်ဟိုင်က မြန်မာနိုင်ငံသည် တရုတ်ပြည်၏ အိမ်နီးချင်းကောင်း ဖြစ်ကြောင်း၊ လက်ရှိတရုတ်-မြန်မာဆက်ဆံမှုသည် အရှိန်အဟုန်ကောင်းကောင်း ကောင်း ဖြင့် တိုးတက်လျက်ရှိပြီး၊ ဖွံ့ဖြိုးရေးအခွင့်အခါသစ်များနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။