张晓宁

တရုတ်ရှီးအန်းမှ ဘန်ကောက်မြို့သို့ ကုန်တင်လေကြောင်းလိုင်းဖွင့်လှစ်

(GMT+08:00)2019-06-19 14:36:38  

ယမန်နေ့၁၈ရက်နေ့က တရုတ်YTO Express ကုန်တင်လေကြောင်းကုမ္ပဏီ၏ ဘိုးရင့်B737Fကုန်တင်လေယာဉ်သည် တရုတ်ရှီးအန်းနိုင်ငံတကာလေဆိပ်သို့ အဆင်ပြေစွာ ဆင်းသက်ခဲ့သည်။ ယင်းသည် ရှီးအန်းမှ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ပထမဆုံးပျံသန်းပြေးဆွဲသောကုန်တင်လိုင်းလေကြောင်းဖြစ်ကြောင်း၊ ယခုအထိ ရှီးအန်း၏ကုန်တင်လေကြောင်းလိုင်း၂၂လိုင်းရှိပြီး နိုင်ငံတကာလေကြောင်း အချက်အချာအဖြစ် တည်ထောင်ရန် အားသစ်လောင်းပေးနေကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။