辛甜

ရှီဇန့်ဒေသနှင့်မြန်မာဒေသများအကြား ကူးလူးဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကို အားသစ်လောင်းပေးသင့်သည်ဟု ရှီဇန့်ကိုယ်စားလှယ်အဖွဲ့ဆို

(GMT+08:00)2019-06-18 17:38:08  

图片默认标题_fororder_miandian

     တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ရှီဇန့်ကိုယ်စားလှယ်အဖွဲ့သည် မကြာခင်က မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဒေသခံမီဒီယာများနှင့် တွေ့ဆုံရာတွင် ရှီဇန့်ဒေသနှင့် မြန်မာနိုင်ငံရှိ ဒေသများအကြား ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အားသစ် လောင်းပေးသင့်သည်ဟု ပြောကြားကြောင်း တရုတ်မီဒီယာအုပ်စုမှ သတင်းအရသိရသည်။

ကိုယ်စားလှယ်အဖွဲ့သည် ရှီဇန့်ပြည်နယ်အား ဗဟိုအစိုးရ၏ အစွမ်းကုန်ထောက်ပံ့မှုနှင့် အခြားပြည်နယ်နှင့် မြို့အသီးသီးတို့၏ ကူညီထောက်ပံ့မှုကြောင့် ရှီဇန့် တိုင်းရင်းသားလူမျိုးစု အသီးသီး စည်းလုံးညီညွတ်ပြီး ကြိုးပမ်းအားထုတ်မှုဖြင့် ရှီဇန့်လူမှုစီးပွားရေး ပြောင်းလဲမှုသစ်များ၊ လုပ်ငန်းအရပ်ရပ်မှ ရရှိသော ကြီးမားသည့် အောင်မြင်မှုများ၊ ပြည်သူ့ နေထိုင်မှုအဆင့်အတန်း များစွာ တိုးတက်သည့်အကြောင်းများကို အဓိကထား မိတ်ဆက်ခဲ့ပါသည်။