张晓宁

တရုတ်-ဖိလစ်ပိုင် တရုတ်ရိုးရာတိုင်းရင်းဆေးစင်တာကို မနီလာမြို့တွင်ဖွင့်လှစ်

(GMT+08:00)2019-06-18 15:03:18  

  ယမန်နေ့ ၁၇ရက်နေ့က တရုတ်-ဖိလစ်ပိုင် တရုတ်ရိုးရာတိုင်းရင်းဆေးစင်တာဖွင့်လှစ်ခြင်း အခမ်းအနားကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် ကျင်းပခဲ့သည်။ ယင်းစင်တာသည် တရုတ်နိုင်ငံဖူကျန့်ပြည်နယ် တရုတ်ရိုးရာတိုင်းရင်းဆေးတက္ကသိုလ်က အဆိုပြု၍ တရုတ်အမျိုးသားရိုးရာတိုင်းရင်းဆေးစီမံခန့်ခွဲရေးဌာနမှ ခွင့်ပြုမှုရရှိပြီး တည်ထောင်သော “၂၀၁၈ခုနှစ်တရုတ်ရိုးရာတိုင်းရင်းဆေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး သီးသန့်အစီအစဉ်”တွင် ပါဝင်ပြီး ဖိလစ်ပိုင်အတွင်း ပထမဦးဆုံးသော တရုတ်ရိုးရာတိုင်းရင်းဆေးစင်တာဖြစ်လာကြောင်း တရုတ်မီဒီယာအုပ်စုမှ သတင်းအရ သိရပါသည်။