辛甜

မလေးရှားထုတ် အအေးစိမ်ထားသော အခွံပါ Musang King ဒူးရင်းသီး တရုတ်နိုင်ငံသို့ ပထမအကြိမ်ပို့ဆောင်

(GMT+08:00)2019-06-18 14:59:37  

မလေးရှားထုတ် အအေးစိမ်ထားသော  အခွံပါ Musang King ဒူးရင်းသီးကို ယခုလ ၁၇ ရက်နေ့က တရုတ်နိုင်ငံသို့ ပထမအကြိမ်အဖြစ် ပို့ဆောင်ပြီး တန်ချိန် ၄ တန်ရှိ Musang King ဒူးရင်းသီးကို ၁၉ ရက်နေ့တွင် ရှန်ဟိုင်းမြို့သို့ ရောက်ရှိနိုင်ရန် ခန့်မှန်းကြောင်း ဆင်ဟွာသတင်းအရသိရသည်။

မလေးရှားဆိုင်ရာတရုတ်သံအမတ်ကြီး ပိုင်ထျန်က မလေးရှားဒူးရင်းသီးသည် ကမ္ဘာပေါ်တွင် နာမည်ကျော်ကြားကြောင်း၊ တရုတ်ဒူးရင်းသီးနှစ်သက်သူများသည် မလေးရှား အခွံပါ Musang King ဒူးရင်းသီးအား တရုတ်ပြည်သို့ အမြန်ဆုံး ဝင်ရောက်ရန် မျှော်လင့်ကြောင်း၊ ယင်းသည် မလေးရှားဒူးရင်းသီးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။