刘晓宇

ကမ္ဘောဒီးယားအလွှာပေါင်းစုံတို့သည် အမေရိကန်၏ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ပေါ်လစီကို ဝေဖန်

(GMT+08:00)2019-06-18 14:29:46  

        ကမ္ဘောဒီးယားနိုင်ငံရေးပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်သူများရှင်များက အမေရိကန်နိုင်ငံ၏ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒနှင့် တစ်ဖက်သတ်ဝါဒ ပေါ်လစီများကို ဝေဖန်ပြီး အမေရိကန်၏လုပ်ရပ်သည် လက်ရှိ နိုင်ငံတကာ ကုန်သွယ်ရေးစနစ်ကို ထိခိုက်သည့်အပြင် နိုင်ငံတကာ စီးပွားရေး ဖွံ့ဖြိုးမှုအပေါ်လည်း အဟန့်အတားပြုသည်ဟု ယူဆကြကြောင်း မကြာခင်ရက်များက ဆင်ဟွာ သတင်းထောက်များအား ပြောကြားသည်။

        ကမ္ဘောဒီးယားဒုဝန်ကြီးချုပ် ဟိုနမ်ဟုန်က အမေရိကန်နိုင်ငံမှ သွေးထိုးလှုံ့ဆော်သော ကုန်သွယ်ရေး အငြင်းပွားမှုသည် မည်သည့်နိုင်ငံအတွက် မဆို အကျိုးစီးပွား မရှိဘဲ နိုင်ငံတကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ဆိုးကျိုးရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။

        ကမ္ဘောဒီးယား ဖွံ့ဖြိုးရေးနှင့် သယံဇာတ သုတေသနဌာန ဥက္ကဋ္ဌ မယ်ကာရီအန်က အမေရိကန်နိုင်ငံသည် လွန်ခဲ့သည့် နှစ်များအတွင်း နိုင်ငံပေါင်းစုံတို့ လက်တွဲ တည်ထောင်ခဲ့သော နိုင်ငံတကာ ကုန်သွယ်ရေး စနစ်ကို ထိခိုက်စေကြောင်း ပြောကြားသည်။

        ဖနွမ်းပင်မြို့ရှိ အာရှ ရှေ့အလားအလာ သုနေသနဌာန ဥက္ကဋ္ဌ ဂျွန်ဝမ်လီက သမိုင်းတွင် ကုန်သွယ်ရေးအငြင်းပွားမှုများကိုကြည့်လျှင် အောင်သူမရှိကြောင်း၊ တံခါးဖွင့်ရေးနှင့် သက်ညှာထောက်ထားသော ဘက်စုံဝါဒကို ထောက်ခံကြသည့် နိုင်ငံများသည် တစ်ဖက်သတ်ဝါဒကို လက်တွဲ ဆန့်ကျင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။