张晓宁

ဗီယက်နမ်-တရုတ်ချစ်ကြည်ရေးအသင်းကိုယ်စားလှယ်အဖွဲ့သည် ကွေ့လျင်မြို့သို့ လှည့်လည်

(GMT+08:00)2019-06-17 15:49:11  

ဗီယက်နမ်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဖိတ်ကြားချက်အရ ဗီယက်နမ်-တရုတ်ချစ်ကြည်ရေးအသင်းဒုဥက္ကဋ္ဌနွမ်ဗင်ချွမ်းသည်  ဗီယက်နမ်-တရုတ် ချစ်ကြည်ရေးအသင်းကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဗီယက်နမ် ချမ်ထျန်း-ရွှမ်ဟွာပြည်နယ်မှ ဗီယက်နမ်-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ချမ်ထင်ဖိန်နှင့်အတူ ယခုလ၁၄ရက်နေ့မှ ၁၉ရက်နေ့အထိ တရုတ်ကွမ်ရှီး ကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့၊ လျူကျိုးမြို့နှင့်ကွေ့လျင်မြို့စသော မြို့များသို့ ခရီးလှည့်လည်ကြမည်ဖြစ်ကြောင်း၊  ယင်းကိုယ်စားလှယ်အဖွဲ့သည် ကွမ်းရှီးတက္ကသိုလ်၊ တရုတ်-အာဆီယံယဉ်ကျေးမှုဥယျာဉ်၊ လျူကျိုးစက်မှုပြတိုက်၊ ကွမ်ရှီးသိပ္ပံနည်းပညာတက္ကသိုလ်နှင့် နန်ရှီးရှမ်းဆေးရုံစသောနေရာများတွင် စူးစမ်းလေ့လာကြမည်ဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

  ကွမ်ရှီး ကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနိုင်ငံခြားရေးရာရုံးမှ သက်ဆိုင်ရာ အရာရှိ၏ မိတ်ဆက်ချက်တွင် ယင်းကိုယ်စားလှယ်အဖွဲ့သည် တရုတ်-ဗီယက်နမ်ပါတီနှစ်ခုနှင့် နှစ်နိုင်ငံ ခေါင်းဆောင်များရရှိကြသောသဘောတူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပြီး တရုတ်-ဗီယက်နမ်ပြည်သူများအကြားချစ်ကူးလူးဖလှယ်မှု၊ ချစ်ကြည်မှုနှင့် သိရှိနားလည်မှုတိုးပွားစေရန် ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့သည်။