张晓宁

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တရုတ်နိုင်ငံရှီးဇန့်ဒေသမှ ပြည်သူ့ ကွန်ဂရက်ကိုယ်စားလှယ်အဖွဲ့ ဝင်တို့ တွေ့ ဆုံ

(GMT+08:00)2019-06-17 15:51:17  

သာသနာရေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးသူရဦးအောင်ကို နှင့် တရုတ်နိုင်ငံရှီးဇန့်် ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသမှ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ ဝင် ၊ ရစ်ခါကျယ် မြူနီစပယ် ပြည်သူ့  ကွန်ဂရက်၏ အမြဲတမ်းကော်မတီညွှန်ကြားရေးမှူး Mr.ChengSiqu ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့ တို့ သည် ဇွန် ၁၆ ရက်တွင် ရန်ကုန်မြို့ ရှိသာသနာရေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနရန်ကုန်ရုံးခွဲ၌ တွေ့ ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ ဆုံရာတွင်  ပြည်ထောင်စု ၀န်ကြီးသူရဦးအောင်ကိုက Mr.ChengSiqu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်းဦးစွာပြောကြားခဲ့ပါသည်။  ထို့နောက် နှစ်ဖက်တို့သည် တရုတ်  မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ၊ ပူးပေါင်းဆောင်ရွက်မှုများကို ချစ်ခင်ရင်းနှီးစွာ ဆွေးနွေး ခဲ့ကြပါသည်။