张晓宁

၂၀၁၉ခုနှစ်လန်ချမ်း-မဲခေါင်ပညာရေးပူးပေါင်းဆောင်ရွက်မှု(ဖူလ်)ဖိုရမ်ကျင်းပ

(GMT+08:00)2019-06-17 15:50:12  

ယမန်နေ့ ၁၆ရက်နေ့က ၂၀၁၉ခုနှစ် လန်ချမ်း-မဲခေါင်ပညာရေး ပူးပေါင်းဆောင်ရွက်မှု(ဖူလ်)ဖိုရမ်ကို ဖူလ်ကောလိပ်တွင်ကျင်းပခဲ့ကြောင်း၊ လန်ချမ်း-မဲခေါင်မြစ်တစ်လျှောက်ရှိ နိုင်ငံ၆နိုင်ငံ၏တက္ကသိုလ်ကောလိပ်များမှ ကိုယ်စားလှယ်များ စုစည်းပြီး အဆင့်မြင့်ပညာရေးကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုရေးရာများအပေါ် ဆွေးနွေးခဲ့ကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ယင်းဖိုရမ်သည် အဆင့်မြင့်ပညာရေးကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသန္တရစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တက္ကသိုလ်ကောလိပ်များမှ ဝန်ဆောင်မှုပေးရေးနှင့် ပြည်တွင်းပြည်ပပူးပေါင်း၍ ကြောင်းထောင်ခြင်းစသော ကိစ္စရပ်များအပေါ် အဓိကဝိုင်းဝန်ဆွေးနွေးပြီး လန်ချမ်း-မဲခေါင်၆နိုင်ငံ ပညာရေးကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှုသစ်ရရှိရန် ရည်ရွယ်ထားကြောင်း သတင်းအရ သိရပါသည်။