邹立莹

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထိုင်းနိုင်ငံသို့ သွားရောက်မည့်တရုတ်ခရီးများအား သတိပေး

(GMT+08:00)2019-06-14 15:27:25  

       ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးအင်တာနက်ဝက်ဘ်ဆိုဒ်မှ ယခုလ ၁၃ရက်နေ့က ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံတွင် မိုးရာသီရောက်ပြီဖြစ်ပြီး ထိုင်းသို့သွား ရောက်မည့် တရုတ်ခရီးသည်များ ရေကူးခြင်း၊    ရေ​ငုပ်​ခြင်း၊ ပင်လယ်ပြင်သို့ခရီးသွားခြင်းတွင် လုံခြုံရေးသတိရှိကြရန် သတိပေးလိုက်ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

      နှစ်တိုင်းမေလမှ အောင်တိုဘာလအထိ ထိုင်းနိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသ၌ ရာသီဥတုပြောင်းလဲမှုများသောကြောင့် တရုတ်ခရီးသည်များအား ဤသို့ သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သတင်းအရ သိရပါသည်။