朱蕾

အာရှနိုင်ငံများအနေနှင့် သွေးစည်းညီညွတ်ပြီး၊ ကုန်သွယ်မှုကိုယ်ကျိုးစီးပွားကာကွယ်ရေး ဝါဒကို အတူရင်ဆိုင်ကြရန် ထိုင်းနိုင်ငံ ဒု ဝန်ကြီးချုပ် ပန်ကြား

(GMT+08:00)2019-06-13 15:23:24  

ထိုင်းနိုင်ငံ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကူးလူးဖလှယ်ရေး အစည်းအဝး ကို ယခုလ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် ၌ ကျင်းပခဲ့ရာ၊ တရုတ်၊ ထိုင်း နိုင်ငံတို့မှ နိုင်ငံရေးနှင့် စီးပွားကုန်သွယ်ရေးလောကမှ ကိုယ်စားလှယ် ၆၀၀ ကျော်တို့ ပါဝင် တက်ရောက်ခဲ့ကြသည်။ ထိုင်းနိုင်ငံ ဒု ဝန်ကြီးချုပ် ဆွန်ကစ်က၊ တရုတ်-အမေရိကန် စီးပွား ကုန်သွယ်ရေးအငြင်းပွားမှုသည်၊ အကျပ်အတည်းဖြစ်ရုံသာမက၊ အခွင့်အခါလည်းပို၍ ဖြစ်ပြီး၊ အာရှနိုင်ငံများအနေနှင့်၊ သွေးစည်းညီညွတ်ပြီး၊ ကုန်သွယ်မှုကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို အတူရင်ဆိုင်ကြသင့်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရသိရသည်။